Volume ( 1 )
part 1 - http://www.sendspace.com/file/aqzcyq
part 2 - http://www.sendspace.com/file/9jhi9l
(OR)
part 1 - http://ifile.it/9qmla07/learning_acad_vol-1.part1.rar
part 2 - http://ifile.it/uh0ld9n/learning_acad_vol-1.part2.rar
Volume ( 2 )
part 1 - http://www.sendspace.com/file/r1mxp1
part 2 - http://www.sendspace.com/file/pvkr8f
(OR)
part 1 - http://ifile.it/vdjpeca/vol-2.part1.rar
part 2 - http://ifile.it/8uvht91/vol-2.part2.rar
Volume ( 3 )
part 1 - http://www.sendspace.com/file/jtegcm
part 2 - http://www.sendspace.com/file/7tbi9h
(OR)
part 1 - http://ifile.it/8zbhak5/learning_acad_vol-3.part1.rar
part 2 - http://ifile.it/kl4h5yj/learning_acad_vol-3.part2.rar
PASSWORD
WWW.Myanmarengineer.Org
မြန်မာအင်ဂျင်နီယာ ဆိုဒ်က ရာမညဖိုးလပြည့် တင်ထားပေးတဲ့ လင့်လေးတွေကို ပြန်ရှဲတာပါ....
Learngin AutoCAD CD vol ( 1,2,3 ) By ချန်းချန်း ( Mg Mine )
AutoCAD user တွေဟာ key board အသုံးပြုတဲ့အပေါ်မူတည်ပြီး အသက်ဝင်တယ်လို့ ချန်းချန်းတော့ ယူဆတယ်....(ဘာပဲဖြစ်ဖြစ်ရှိန်တာပေါ... :D...)
Drawing Navigation
| Ctrl + Tab * | Cycle Through Multiple Drawings: Much like Alt + Tab let’s you cycle through different applications, Ctrl + Tab lets you cycle through your open drawings. |
| Ctrl + Pg Up * Ctrl + Pg Dn | Cycle Through Tabs: Want to switch between layout tabs without ever touching the mouse? Use Ctrl + Page Up or Ctrl + Page Down to cycle through the layout tabs in your drawing. Use in Microsoft Excel to cycle through worksheets. |
| Ctrl + Directional Arrow | Move Drawing Cursor |
Drawing File Tools
| Ctrl + N * | Create New Drawing: Like running the QNEW command. |
| Ctrl + S * | Save Drawing: aka the QSAVE command |
| Ctrl + Shift + S | Save Drawing As: aka the SAVEAS command |
| Ctrl + O * | Open Drawing |
| Ctrl + P * | Plot the current drawing |
| Ctrl + Q | Quit/Exit AutoCAD |
AutoCAD Palettes & Palette Sets
| Ctrl + 1 | Properties Palette Set |
| Ctrl + 2 | Design Center |
| Ctrl + 3 | Tool Palettes |
| Ctrl + 4 | Sheet Set Manager Palette Set |
| Ctrl + 6 | db Connect Manager |
| Ctrl + 7 | Markup Set Manager: For working with DWF markup sets |
| Ctrl + 8 | Quick Calc |
| Ctrl + 9 | Command Line: Toggles On/Off |
| Ctrl + 0 | Clean Screen: AutoCAD for the true Keyboard Warrior |
Drawing Editing Tools
| Ctrl + C * | Copy Uses arbitrary insertion point. |
| Ctrl + Shift + C | Copy with Base Point Lets you enter or select an insertion point (this is my preferred method) |
| Ctrl + V * | Paste |
| Ctrl + X * | Cut Deletes from the drawing, but places items on your Windows clipboard. |
| Ctrl + Z * | Undo Perfectly placed in the lower left corner of the keyboard, I hardly use U for undo anymore. |
| Ctrl + Y * | Redo |
Drawing Aids
| Ctrl + A * | Select All Selects every object in the drawing. Warning, do not combine with Delete key. |
| Ctrl + D | Dynamic UCS [On/Off] |
| Ctrl + F | OSNAP [On/Off] Or you can press F3 |
| Ctrl + G | Grid [On/Off] |
| Ctrl + L | ORTHO [On/Off] |
| Ctrl + B | Snap [On/Off] |
| Ctrl + W | Object Snap Tracking [On/Off] |
| Ctrl + E | Isoplane Used for 2D isometric drawings. |
| Ctrl + U | Polar Tracking [On/Off] |
| Ctrl + M | Repeat Last Command |
MTEXT Editor
| Ctrl + F | Insert Field |
| Ctrl + R | Find / Replace |
| Ctrl + Shift + Space | Insert a Non-Breaking Space |
| Ctrl + Shift + U | Change Text Case – Uppercase |
| Ctrl + Shift + L | Change Text Case – Lowercase |
| Ctrl + Enter | Exit MTEXT Editor and save changes. |
အလူမီနီယမ်လို့ပြောရင် ချန်းချန်းအရင်ကသိသလောက် က L-angle ,.. U-channel , Flat bar, hollow, pipe, sheet (solid/composite) ဒီလောက်ပါပဲ.. ဒီအလုပ်ကိုရောက်တော့ မှ profile ဆိုတာတွေကို စတင်ထိတွေ့တာပါ.. ချန်းချန်းတို့ပြည်တွင်းမှာ သစ်သား သုံးသမျှနေရာတွေကို စင်းကတော့ အလူမီနီယမ်သုံးတာကြောင့်ပါ... အဲ့ဒိမှာ thermal break ပြတင်းတွေ တံခါးတွေက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်.. ပုံတွေကိုကြည့်တော့ အလူမီနီယမ် ပုံဆိုတာ သိကြတဲ့အတိုင်း အတွန့်တွေ အတက်တွေနဲ့.. အပေါက်တွေ အဖုတွေ အထစ်တွေနဲ့ ၊ ပြီးတော့ တခုခြင်းစီကိုလိုက်ကြည့်ပြန်တော့လည်း ဘာတွေမှန်းကို မသိ... တခုနဲ့တခုချိတ်ဆတ်လို့..(ဂမ္ဘီရဆန်နေလိုက်တာ) အလုပ်ဝင်စကတော့ ဒီလိုပဲတွေးမိတာပါ. (ဒီprofile ကိုပဲ mullion ခေါ်လိုက် tramson ခေါ်လိုက်နဲ့လေ...
)
တကယ်တော့ Building တခုရဲ့ window တွေကိုလေ့လာကြည့်ရင် တူညီတဲ့ profile တွေကိုသားသုံးလေ့ရှိတာတွေ့လာပါတယ်.. ထိုအတူပဲ မတူညီတဲ့ အဆောက်အုံတွေအတွက် မတူညီတဲ့ profile တွဲဖတ်တွေကြောင့် profile ပုံစံတွေအများကြီးကို ချန်းချန်းလေ့လာမိခဲ့ရတာပါ.. အဲ့ဒိလို တွဲဖက်မှုတွေကို window system (microsoft ရဲ့ window နဲ့တော့ မရောထွေးစေချင်ပါ) လို့ခေါ်တာပါ... ချန်းချန်းရဲ့ပထမကုမ္မနီရဲ့ လုပ်ငန်းဆောင်ရွက်မှုက အင်မတန်အတုယူဖွယ်ဖြစ်ပါတယ်.. လုပ်ငန်းက သေးသေးလေးပါ.. လုပ်နေသမျှ project တွေကတော့ စင်းရဲ့ စံနဲ့ကြည့်ရင်ကို ကြီးလှပါတယ်.. လုပ်ငန်းမှာအဓိက လည်ပတ်နေတာက ၀န်ထမ်း ၁၅ ယောက်လောက်ပဲရှိတာပါ.. အဲ့ဒိထဲမှာ designer ကချန်းချန်းအပါအ၀င် ၉ ယောက် ဒီဇိုင်းမန်နေဂျာပါပါရင် စုစုပေါင်း ၁၀ ယောက်ပါ... စင်္ကာပူဆန်လှတဲ့ ကုမ္မနီပါပဲ...project လက်ခံတာကစလို့ ကျန်တဲ့အားလုံးကို အပြင်ကိုပြန်ခိုင်းပြီး ပွဲခမျိုးမျိုးမြက်မြက် ယူတဲ့စနစ်ကိုကျင့်သုံးတာပါ.. profile ရဲ့ die design ကို ဂျပန်နိုင်ငံကနေ အကြံပေးခပေးပြီးရယူပါတယ်.. drawing တွေကို approved ဖြစ်လို့ project စပြီဆိုရင် designer တွက်ပေးထားတဲ့ profile qty နဲ့ အဲ့ဒိ designer ကပဲ ပစ္စည်းမှာရပါတယ်.. ပြီးရင် coating လုပ်တဲ့ဆီကို ပို့ရပါတယ်..coating ကပြီးပြီဆိုရင် fabricator တွေဆီပို့ရပါတယ်... ပြီးရင်တော့ fabricator တွေအတွက် ဘယ်လို့ ဖြတ်ပြီးဘယ်လိုဆက်မယ်ဆိုတဲ့ work order/cutting list တွေပို့ပေးရပါတယ်.. အဲ့ဒိကပြီးရင် ၄င်းတို့ကပဲ site ကိုရောက်အောင်တာဝန်ယူပို့ဆောင်ပေးရပါတယ်...(အဲ့ဒိ process အားလုံးက ဒီဇိုင်နာကပဲ ဖုန်းနဲ့ arrange လုပ်ရတာပါ) ပြီးရင်တော့ ပုတ်ပြတ်ငှားထားတဲ့ installer တွေကိုသုံးပြီးတပ်ဆင်ပါတယ်.. ပြီးရင် ပုတ်ပြတ်ငှားထားတဲ့ မှန်သမားတွေကိုသုံးပြီး မှန်တွေတပ်ဆင်ပါတယ်.. ချန်းချန်းကံကောင်းချင်လို့လား ကံဆိုးချင်လို့ပဲလားတော့မသိပါဝူး.. ပုတ်ပြတ်ငှားထားတဲ့ site supervisor တွေအဲ့ဒိလမှာ ခွင့်ယူကြတာရယ် site ကလောနေတာရယ်ကြောင့် ချန်းချန်း တာဝန်ယူရတဲ့ project တွေကို ခနရပ်ထားပြီး အဲ့ဒိsite ကို site supervisor/QC ခနလောက်သွားလောက်ပေးဖို့ သူဌေးက request လုပ်လာပါတယ်.. ရေငတ်တုန်းရေတွင်းထဲကျဆိုတာလိုပါပဲ.. အဲ့ဒိဆိုဒ်ကို ချန်းချန်း ၂ ပတ်လောက် supervise လုပ်ပါတယ်.. အဲ့ဒိတော့မှ ချန်းချန်းတို့ဆွဲနေတဲ့ window system ဆိုတာကို သေသေချာချာသိနားလည်လိုက်တာပါ.. နောက်ပြီး အလုပ်သမားတွေလုပ်လေ့ရှိတဲ့ ကိစ္စတွေရောပေါ့... တော်ရုံပြသနာလောက်ကို အတွေ့အကြုံရှိတဲ့ အလုပ်သမားဟာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာသိပါတယ်.. အဲ့ဒိတော့မှ ချန်းချန်းပြန်လည် အမှတ်ရမိတာ အလုပ်စ၀င်တုန်းက ချန်းချန်းကို ဖုန်းခေါ်ခဲ့တဲ့ site supervisor ရဲ့ perforated panel ကိစ္စပါ.. အဲဒိအချိန်မှာသူနဲ့ချန်းချန်းရင်းနီးနေပါပြီ... ဒီလောက်လွယ်လွယ်လေး ကို ဘာကြောင့်ချန်းချန်းကိုမေးခဲ့တာလဲလို့သူ့ကိုမေးတော့ လွယ်တယ်ဆိုတာသူလည်းသိတယ်တဲ့ ..သူဘာလုပ်ရမယ်ဆိုတာလည်းသိပါတယ်တဲ့..ချန်းချန်းကိုမေးရင်လည်းဒီလိုပဲလုပ်ဖို့ပြောမယ်ဆိုတာသိတယ်တဲ့..
နောင်ပြသနာတခုခုဖြစ်လာရင် သူ့တာဝန်မဖြစ်ရလေအောင် confirm လုပ်တာဆိုပဲ... (ပြသနာမှန်သမျှဒီဇိုင်နာဆီသွား ... ဆိုတာမျိုး ဟိဟိ)
Ps: Auto CAD topic အောက်မှာ လုပ်ငန်းအတွေကြုံဆိုတာကိုပြောနေရင်းနဲ့ auto CAD ဆိုတာမပါခဲ့ပြန်ဝူး ....(ဒါပေမယ့်လည်း လေ့လာမယ့်သူတွေအတွက် စေတနာအပြည့်ပါပါတယ်ဗျာ...
ခင်မင်လေးစားလျက်
ချန်းချန်း(Mg Mine)
Shop Drawing တွေဆွဲတာပြီးပြီဆိုရင်တော့ drawing List , accessories list တွေစီစဉ်ရပါမယ်..
a. Plan (scale 1:100/200)
b.Elevation (Scale 1:100 /200)
c. Schedule & Partial Elevation (Scale 1:20/30/40)
d. Detail (Scale 1:1, 1:2)
e. Extrusion List (Not to Scale)
f. Hardware List (Not to Scale)
g. Glass Tag
ပြီးရင် Drawing Registration လုပ်ရပါမယ်... drawing တွေဟာ ဘယ်နေ့မှာ submit လုပ်ခဲ့တယ်.. commented drawing တွေကို ဘယ်နေ့က ပြန်လည်လက်ခံရရှိတယ် .. revision တွေရောပေါ့...
-[size=12pt][b]PE Calculation [/b][/size](BCA ကလက်မှတ်ရ professional Engineer ရဲ့ structural calculation ပါ...)
ချန်းချန်းတို့ အလူမီနီယမ် အလုပ်မှာ အဓိကလိုတဲ့ calculation တွေက..
-CurtainWall
-Trellis
-Canopy
-Glass RAiling
-လှေကားခွင်တွေရဲ့ ဘေးမှာရှိနေတဲ့ window တွေပါ.. (forth schedule လို့ sg ကသုံးလေ့ရှိပါတယ်ဝ
ပုံမှန်ကတော့ ဒီ items တွေလောက်ပါပဲ.. ဒါပေမယ့် ထူးထူးခြားခြား ဒီဇိုင်းမျိုးတွေအတွက်ကတော့ ခြွင်းချက်ပေါ့ခင်ဗျာ...
Material Take-Off (မိမိလုပ်ကိုင်ရမယ့် Item တခုခြင်းစီအတွက်)
-Alum Extrusion
-Glass
-Hardware &Accessories (sliding door တွေအတွက် roller တို့၊ lock set တို့၊ တံခါးလက်ကိုင် တို့ ၊ Multi/single point lockတို့.. စသည်)
-Fasteners (screw, bolt &nut, drive pin, revit, စသည်)
-Brackets
-Cutting List (fabrication drawing) or မိမိတို့လုပ်ငန်းရဲ့ fabricator တွေဆီပို့မယ့် Work Order/Job sheet
ချန်းချန်းရဲ့ပထမအလုပ်မှာ ဒီဇိုင်နာဟာ purchase requisition ကိုပါစီစဉ်ပေးရပါတယ်..
တကယ်တော့ ဒီအပိုင်းက ပုံမှန်ဆိုရင် material controller/ purchaser တွေရဲ့အပိုင်းပါ...
နောက်ဆုံးအဆင့်ကတော့ လုပ်ငန်းပြီးမြောက်မှုအပေါ်တည်မှီပြီး As-Built Drawing ထုတ်ပေးရမှာပါ...
ဒါဟာချန်းချန်း ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လုပ်ငန်းခွင်မှာ သိခဲ့သမျှပါပဲ... ချန်းချန်းရေးခဲ့သမျှကို ကြည့်ရင် auto CAD နဲ့အလုပ်လုပ်နေတယ်ဆိုတာ ဆိုရရုံလေးပဲရှိပါတယ်... တကယ်တော့ auto CAD တစ်ခုတည်းမျှလောက်နဲ့တော့ မလုံလောက်ပါဝူး... မိမိလုပ်ဖူးတဲ့ အလုပ်မျိုးမဟုတ်တာကြောင့် အသစ်ဆိုတာမျိုးနဲ့ ကြုံလာရင် ကောင်းမွန်လျင်မြန်စွာ အတုမြင် အတတ်နိုင်ဖို့ နဲ့ မိမိမသိဖူးဆိုတာတွေအရမ်းများနေတာမျိုးမဖြစ်နေဖို့ပါ...
designer ဆိုရင် တာဝန်ယူရတာအင်မတန်ကြီးပါတယ်... site ထဲမှာ အမှားတခုခုဖြစ်ပြိးဆိုရင် အရင်ဆုံးခေါင်းခဲရတာ ဒီဇိုင်နာပါပဲ... fabricator က ဖြတ်တောက်ပေးလိုက်တာ တိုနေတာ ၊ ရှည်နေတာ၊ bended panel တွေကို direction လွဲပြီး ခေါက်ပေးလိုက်တာ... ဒါမှမဟုတ် main con ပိုင်းက structurတွေ setting out တွေကို နဂိုသတ်မှတ်ထားပြီးသားနဲ့ အနဲငယ် လိုသွားတာ ပိုသွားတာ အဲ့ဒါမျိုးတွေဟာ ဒီဇိုင်နာရဲ့ ခေါင်းပေါ်ကိုလာမယ့် ပြသနာတွေပါပဲ.. ဒီဇိုင်နာဖြစ်ပြီးဆိုရင်တော့ အဲ့ဒိပြသနာမျိုးတွေနဲ့ နပန်းလုံးရမှာကို ကြိုတွေးထားရပါမယ်... ချန်းချန်းတို့များ ပထမအလုပ်မှာတုန်းက ဖုန်းoperator ဆီကို ၀င်လာတဲ့ ဖုန်းသံကြားရင် ကိုယ့်ဖုန်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတာ အမောပေါ့ ဟဟား..ချန်းချန်းအလုပ်စ၀င်ပြီး ပထမအပတ်မှာပဲ ချန်းချန်းလုပ်ပေးလိုက်တဲ့ perforated panel တွေအတွက် site supervisor ဆိုတဲ့လူဆီက ဖုန်းလာပါတယ်.. ပထမဆုံး သူက တရုတ်လိုတွေပြောချလိုက်တာ တရစပ်ပါပဲ.. ချန်းချန်းသိလိုက်တာ ဆိုလို့ "တာတုန်းပန်(perforated panel) ဆိုတာနဲ့.. ကာနီနာ (၀သီအရဆဲတဲ့စကားတမျိုးပါပဲ) နောက်ပြီး ကြာလှ ( problem) " ဆိုတဲ့စကား၃ လုံးလောက်ပဲဖမ်းမိပါတယ်... ချန်းချန်းက ကျေးဇူးပြုပြီး ရင်းဂလိပ်လို့ပြောနိုင်မလား ဆိုတော့ ပိုဆိုးသွားပါတယ်.. ရင်းဂလိပ်လိုပြောတာပါပဲ... ချန်းချန်းအင်မတန်ညံ့ချက်ကတော့ တလုံးမှကို မသိလိုက်ပါဝူး ဟဟား... မနည်းသူ့ကိစ္စကို ပြန်ရှင်းယူလိုက်ရပါတယ်... ပထမဆုံးအလုပ်ကို ၀င်ပြီး ၁ပတ်မပြည့်ခင်ပထမဆုံး ဖုန်းကော ကနေစလို့ ချန်းချန်း နားလည်သိရှိလက်ခံလိုက်ရတာက သြော်ငါလုပ်ရမယ့် တာဝန်က ဒီလိုပါလား ဆိုတာပါပဲ....
ခင်မင်လေးစားလျက်
ချန်းချန်း(Mg Mine)
Auto CAD ခေါင်းစဉ်အောက်မှာ auto CAD အကြောင်းတလုံးမှမပါသေးတဲ့အတွက် စိတ်မရှိပါနဲ့ခင်ဗျာ...
ချန်းချန်းဒီအလုပ်ကိုစင်းရောက်ပြီး ပထမဆုံးအလုပ်စလျှောက်တဲ့နေ့မှာ ပထမဆုံး ရတဲ့အင်တာဗျူး နဲ့ ပထမဆုံးရခဲ့တာပါ..
အင်တာဗျူးဝင်တော့ ချန်းချန်းပွင့်ပွင့်လင်းလင်းပဲပြောပြပါတယ်... စင်းမှာလုပ်လေ့ရှိတဲ့ alum field ကိုတော့အတွေ့အကြုံမရှိပါဝူးဆိုတဲ့အကြောင့်နဲ့ auto CAD ကိုတော့ professional ပါဆိုတဲ့အကြောင်းနဲ့... နဲနဲလောက်အစပျိုး ရှင်းပြပေးနိုင်ရင် ကောင်းမွန်စွာ Handle လုပ်နိုင်မယ်လို့မိမိကိုယ်ကို ယုံကြည်ချက်အပြည့်ရှိတဲ့အကြောင်း သူဌေးကျေနပ်အောင်ပြောပြနိုင်ခဲ့ပါတယ်.. လျှောက်တဲ့ ပိုဒ်စ်က Designer .. ဘာပဲဖြစ်ဖြစ် ချန်းချန်း အဲ့ဒိအလုပ်မှာအဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ခဲ့ပါတယ်.. ချန်းချန်းမှာရှိတဲ့ Auto CAD ဆိုတဲ့ လက်နက်လေးနဲ့ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဇွဲတချို့ကြောင့်ပါ.
မိမိလုပ်ကိုင်ရမယ့်နယ်ပယ်အကြောင်းသိပြီဆိုတော့ ပုံစတင်ဆွဲရပါပြီ...
ချန်းချန်းတို့ project အစမှာဆွဲပြီး archi ဆီ submit လုပ်.. approval ယူရပါတယ်.. အဲ့ဒိ Drawing ကို Shop Drawing လို့ခေါ်ပါတယ်..
ပုံမှန် Alum Shop Drawing တွေရဲ့ Priority ကတော့..
A- Window & Door
B- Curtain Wall & Cladding
C- Substation (Louver window & Door ) လုပ်ငန်းကိုတော့ဒီကစရပါတယ်..
D- AC Ledge
E- Railing
F- Trellis/Screen
F- Canopy
တကယ်လို့ Design လုပ်နေတုန်းမသေချာတဲ့ ၊ မရှင်းလင်းတဲ့ archi , structur တွေကို main con ဆီ RFI ( request for information)ပ
လိုအပ်ရင် Design period အတွင်းမှာ Die cutting လုပ်ရပါတယ်..
ဒါက Alum designer တစ်ယောက် ရဲ့ auto CAD ကိုသုံးပြီးအလုပ်လုပ်ရမယ့် လုပ်ငန်းစဉ်ပါ...
ချန်းချန်းပိုဒ်စ်တွေမဖေါင်းပွစေချင်ပေမယ့် အချိန်လုနေရသူတယောက်မျှသာဖြစ်ပြီး ရေးချင်တဲ့အကြောင်းအရာများနေတာကြောင့် နားလည်ခွင့်လွှတ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်
အလူမီနီယမ် လုပ်ငန်းမှာ အဓိကဆက်နွယ်လုပ်ကိုင်ရလေ့ရှိတာတွေက...
Alum Window
-Casement
-TopHung
-SideHung
-Bottom Hung
-Sliding
-Pivot
-Slide and Fold
Door
-Swing Door
-Sliding Door
-Slide and Fold Door
-Auto Door (Swing/Slide)
Curtain Wall
-Stickwall system
-Unitized system
-Semi Unitized system
-DownHaung Curtain Wall
Cladding
ှ-Solid sheet panel
-Composite sheet panel
Canopy
-Glass Canopy
-Alum panel cladding Canopy
-Steel Canopy
Skylight
skylight လို့ပြောရင်အစကချန်းချန်း canopy နဲ့ရောထွေးလေ့ရှိပါတယ်....
တကယ်ကတော့ building အတွင်းဘက်မှာရှိနေရင် ဒါကို စကိုင်းလိုက် လို့ခေါ်တာပါ.. ကနိုပီကတော့ အဆောက်အအုံရဲ့ အပြင်ဘက်မှာရှိတာပါ....
Trellis
Screen
အဲ့ဒိနှစ်ခုကတော့ အဓိကအနေနဲ့ aerofoil louvre နဲ့ alum hollow ကိုသုံးလေ့ရှိကြပါတယ်..
အမြင့်တစ်နေရာမှာမြေပြန်နဲ့ အပြိုင်ရှိတာကို trellis လို့သတ်မှတ်လေ့ရှိပြီး ဒေါင်လိုက်ရှိနေတာကို တော့ screen လို့ခေါ်တာပါ.. နေရောင်ကာဖို့သုံးတဲ့ louvre ကိုလည်း sunscreen louvre လို့ပဲခေါ်လေ့ရှိပါတယ်..
Railing
လှေကားလက်ရမ်းတွေ
Balcony (၀ရမ်တာ)လက်ရမ်းတွေ...
air condition ledge တွေမှာသုံးလေ့ရှိတဲ့ railing ကိုတော့
AC screen လို့ပဲခေါ်လေ့ရှိပါတယ်...
WalkWay
လျှောက်လမ်းတွေမှာမိုးတဲ့ အမိုးတွေပါ...
ဒါတွေကတော့ ချန်းချန်းတို့ အလူမီနီယမ်သမားတွေရဲ့အဓိကနယ်ပယ်ပါ......
...
ချန်းချန်း ၂၀၀၇ နှစ်ဦးပိုင်းမှာ sg ကိုရောက်ပြီး အလူမီနီယမ် ကုမ္မနီတခုမှာ designer အဖြစ်စတင်လုပ်ကိုင်ခဲ့ ပါတယ်.. ၂၀၀၈ သြဂုတ်မှာ စင်္ကာပူရဲ့ စီးပွားရေးကြောင့် လုပ်ငန်းဟောင်းမှာ ဆက်လက် မလုပ်ကိုင်နိုင်ပဲ အလုပ်အသစ်တခုကို ပြောင်းခဲ့ရပါတယ်... Design Draft Person အဖြစ်နဲ့ အလူမီနီယမ် လုပ်ငန်းထဲမှာပဲ ဆက်လက်ကျင်လည်နေခဲ့တာ ယနေ့ထိအောင်ပါပဲ... ပထမ အလုပ်မှာ ဒီဇိုင်နာအဖြစ် လုပ်ကိုင်ခဲ့စဉ်အတွင်း နားလည် ရရှိခဲ့တာတွေကတော့...စင်းရဲ့ construction ပိုင်းမှာ Exterior အတွက် အလူမီနီယမ် ၊ စတီးနဲ့ မှန် တို့ကို အများဆုံးအသုံးပြုကြတာဖြစ်တဲ့ အလျောက် main contractor တွေဟာ aulm / glass specialist တွေကို တင်ဒါ နဲ့ခေါ်ယူပါတယ်... အဲ့ဒိတင်ဒါကို ရရှိပြီဆိုရင်တော့ project စတင်ပြီဖြစ်ပါတယ်.. ဒီနေရာကနေစပြီးအလူမီနီယမ် ဒီဇိုင်နာတစ်ယောက်ရဲ့ အခန်းကဏ္ဍစတင်ပါတယ်...
၁-ဒီဇိုင်နာဟာ BQ ( building quantity ) ကိုသေသေချာချာ ဖတ်ရှု့သိရှိထားရပါတယ်..BQ ကနေတဆင့် မိမိတို့ လုပ်ကိုင်ရမယ့် Item နဲ့ qty ကို ခွဲခြားသိရှိစေမှာဖြစ်ပါတယ်..
၂- archi dwg , structural dwg, title block တို့ရဲ့ software copy ကို main con ထံမှ တောင်းယူရပါတယ်..
မိမိလုပ်ငန်းနဲ့ဆိုင်တဲ့ drawing တွေအားလုံးဟာ main con ရဲ့ soft copy ကနေပဲ အခြေခံရမှာဖြစ်တာကြောင့်ပါ.
- နောက်ပြီး အလူမီနီယမ်ရဲ့ နောက်ဆုံးပိတ် finishing colour ကို အာခီနဲ့ confirm လုပ်ရပါမယ်..
- သုံးမယ့် Glass တွေရဲ့ type နဲ့ thickness တို့ကိုရောပေါ့...
၃-မိမိသုံးမယ့် alum profile system ရဲ့ design concept ကို သေသေချာချာသိထားရပါမယ်..
-အထူးသဖြင့် မိမိ profile နဲ့ structur တွေရဲ့ connection တွေ fitting တွေပါ....
ဆက်လက်တင်ပြပါမည်....

